ဟားခါး စက်တင်ဘာ ၂၁
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ ဇေတဝန် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ချင်းပြည်နယ် ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်ကိုဦး ဦးစီးဆောင်ရွက်ခဲ့ပြီး ဇေတဝန်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တံမြက်စည်းလှဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)