အလုံမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်းခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေး

အလုံ စက်တင်ဘာလ ၂၁

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သေးသော ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ်အမှတ် () အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် ဆေးထိုးစုရပ်အဖြစ် အမှတ် () အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခြင်းဖြင်ပြီး မြို့နယ်အတွင်းရှိ အ.ထ.က ()၊ အ.ထ.က () ၊ အ.ထ.က () တို့မှ ကျောင်းသူ (၈၅) ဦးတို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးကို  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သတ်မှတ်ရက်များအတိုင်း ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကို အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်‌‌သော မိန်းကလေးငယ်များတွင် စတင်ထိုးနှံခြင်းဖြစ်၍ ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုပုံစံများဖြင့် လွှမ်းခြုံထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွားမှုကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကာကွယ်ဆေးကို စက်တင်ဘာလတွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်းကောင်း၊ အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြုကာကွယ် ဆေးထိုးနှံခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင်တင်ချို (ပြန်/ဆက်)