သတင်းများ

မြဝတီမြို့နယ်အတွင်းရှိ  အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 21,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများမှ  အသက် ၉ နှစ် ပြည့်ပြီး  ၁၂ နှစ် မကျော်သော မိန်းကလေးများအား  သားအိမ်ခေါင်းကင်ဆာရောဂါ  ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင်   မြဝတီခရိုင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်၌ ကျင်းပသည်။
ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေး
Sep 21,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသူ အမှတ်(၇)ရပ်ကွက် မြတောင်ဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ် ၌စုရပ်ထားရှိကာ ယမန်နေ့ညနေပိုင်းက ပြည်သူများသို့စားသုံးဆီများ ဆက်လက်ရောင်း ချပေးခဲ့ကြသည်။
ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စားအုန်းဆီ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Sep 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ စားသုံးဆီနှင့် ပတ်သတ်၍ အခက်အခဲမရှိစေရေး စားအုန်းဆီများအား နယ်လှည့်ဈေးကားဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် လှည့်လည်ရောင်းချခြင်း၊ ဆီအရောင်းဆိုင်များတွင် အထိုင်ရောင်းချခြင်းများကို နေ့စဉ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  စဉ့်ကိုင်မြို့ ဒေါ်လာဆီအရောင်းဆိုင်နှင့် အိုးထိန်း‌တောင် ကျေးရွာများတွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်သွေးလှူဘဏ်၌ ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်း
Sep 21,2023
 (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှုးကြီး ကျော်မိုးသက် ဦးဆောင်မှုဖြင့် မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင် ယနေ့နံနက်(၉)နာရီအချိန်က မြိတ်ခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းနှင့် မိသားစုဝင်များ  စုပေါင်းပြီး သွေးလှူဒါန်းခဲ့ကြသည်။
ပန်းဘဲတန်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံ
Sep 21,2023
ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ရန် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀) နာရီက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသူများအား ဆေးထိုးပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်
Sep 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀  နာရီအချိန်က စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက်တွင် အသင်းဝင်လျှောက်လွှာများရေးသွင်းကာ သုတ/ ရသ စာပေများအား ငှါးရမ်းဖတ်ရှု
Sep 21,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက်၌ လူငယ်လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက်များတွင် အသင်းဝင်လျှောက်လွှာရေးသွင်းကာ သုတ/ရသ စာပေများအား လေ့လာဖတ်ရှုလျက်ရှိကြသည်။
စမ်းချောင်းမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သောလူငယ်စကားဝိုင်းကို ယ​မန်နေ့ နံနက် ၉ နာရီက အမှတ် (၄) အခြေခံပညာအထက်တန်း​ကျောင်း၊ တော်ဝင်ခန်းမ၌ ကျင်းပပြုလုပ်သည်။