သတင်းများ

ကျောက်ဆည်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ငလျင်အန္တရာယ် ဇာတ်တိုက်လေ့ကျင့်
Sep 21,2023
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ ဗဟုသုတ ရရှိစေရန် ယနေ့နံနက် (၉)နာရီခွဲက ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ငလျင်အန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Sep 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသော ဒေါ်ခင်နွဲ့၏ အသားတိုး ဝက်မွေးမြူရေးခြံအား ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Sep 21,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့်  စာပေဖတ်ရှုမှု၊ စာဖတ်ရှိန်စဉ်ဆက်မပြတ်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်၁၀နာရီကအမှတ် (၂)နှင့်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ကွတ်ခိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ
Sep 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Sep 21,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ် ၁၂ အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက် ငှားရမ်းပေးကြသည်။
မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ‌ရေးစောင့်ရှောက်မှုများ (အခမဲ့) ဆောင်ရွက်
Sep 21,2023
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တာမိုးညဲမြို့(အ.ထ.က)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ အတတ်ပညာပြည့်ဝပြီး နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံ
Sep 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) Vaccineကို ထိုးနှံပေးခဲ့သည်။