တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

မရမ်းကုန်း ဇူလိုင် ၂၉

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌ ယနေ့နံနက် ၆ နာရီအချိန်တွင် တစ်ပြိုင်နက်ထုတ်ပြန် ကြေညာ‌ပေးလျက်ရှိရာ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာပေး‌နေမှုအား ကျောင်းသား၊ ကျောင်းသူများ မိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် တွင် အ.ထ.က(၁)စာစစ်ဌာန တစ်ခုတည်းသာရှိပြီး အဆိုပါစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုသူစုစုပေါင်း ၈၄၇ ဦးရေရှိခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၅၃.၃၆ ရာခိုင်နှုန်း အောင်မြင်ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ရာတွင် ဝေးလံသော ဒေသများရှိ စာစစ်ဌာနများနှင့် ဆက်သွယ်ရေးခက်ခဲသော စာစစ်ဌာနများ၏ အောင်စာရင်းများကို ရေဒီယိုနှင့် ရုပ်သံလိုင်းများမှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ကြောင်း သိရှိရပါသည်။

ဝေယံ