သတင်းများ

သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ်ငါးလုံးထိခိုက်ပျက်စီး
Jul 29,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့်အားလျော်စွာ ဇူလိုင် ၂၆ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့်  ဇူလိုင် ၂၈ ရက် ညပိုင်းတွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Jul 29,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ အားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့အတွင်းရှိ အ.ထ.က(၁)ညောင်လေးပင်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၁၀၄၀)ဦးတွင် (၆၀၄)ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12)စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာ
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12) စာမေးပွဲအောင် မြင်သူစာရင်းများအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့ နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်(၄)နာရီက စတင်၍ထုတ်ပြန်လျက်ရှိရာ မြစ်သားမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများကလာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး ကာကွယ်ဆေးထိုးနှံ
Jul 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ သတင်းစာဆရာ အသင်း(ယာယီ)ဖွဲ့စည်းခြင်းနှင့် အသင်းဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ သတင်းစာဆရာ အသင်း(ယာယီ)ဖွဲ့စည်းခြင်းနှင့် အသင်းဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ရေတိုက်စားသွားသော လမ်းတာဘောင်အား ပြန်လည်ပြုပြင်ပေး
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးလမ်း၊ တံတားများအသစ်တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ် (၂)ခရိုင်ခြင်းဆက်လမ်းမှ ရေတိုက်စားသွားသော လမ်းတာဘောင်တစ်နေရာအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။ 
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌ ယနေ့နံနက် ၆ နာရီအချိန်တွင် တစ်ပြိုင်နက်ထုတ်ပြန် ကြေညာ‌ပေးလျက်ရှိရာ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာပေး‌နေမှုအား ကျောင်းသား၊ ကျောင်းသူများ မိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။