ခမောက်ကြီးမြို့၊ အ.ထ.က ခ‌မောက်ကြီးကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲ‌ဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ သံဓာတ်အားဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်

ခမောက်ကြီး ဇူလိုင် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ အ.ထ.က ခမောက်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး (KG) ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းပေးခြင်း၊ သွား၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ပင်း စသည့် တစ်ကိုယ်ရည် သန့်ရှင်းမှုကျန်းမာရေးအား စစ်ဆေးပေးခဲ့ပြီး အလယ်တန်းကျောင်းသူလေးများကို သံဓာတ်အားဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)