သတင်းများ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အုတ်တွင်းမြို့နယ်စာစစ်ဌာန(၆)ခု၌ ဖြေဆိုအောင်မြင်သည့် စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့် စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ရှိ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူ (၁၀၂၁၄) ဦးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Jul 29,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာထက် ၉၁၅ စင်တီမီတာသို့ ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုဖြစ်ပွား၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားလျက်ရှိရာ ပြည်သူ (၁၀၂၁၄) ဦးအား ယာယီရေးဘေးကယ်ဆယ်ရေးစခန်း (၂၃) ၌ ပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။
အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင် ၂၆ ရက်နေ့လယ်ပိုင်းက ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် မြန်မာစာ၊ မြန်မာစကားစာအုပ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး အဆင့်မြင့်မိလ္လာသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်း တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတက်ရောက်၊ မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Jul 29,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနားမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ အဆင့်မြင့်မိလ္လာသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်း တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Carabao Futsal Champion Cup 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 29,2025
Carabao Futsal Champion Cup 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပသည်။
ကယားပြည်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ၁၃၂ ဦး ဖြေဆိုအောင်ချက် ၅၁.၅၂ ရာခိုင်နှုန်းရှိ
Jul 29,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာလျက်ရှိရာ ကယားပြည်နယ် လွိုင်ကော်မြို့ မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(၁)လွိုင်ကော်စာစစ်ဌာနတို့တွင် နံနက် ၆ နာရီမှစ၍ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးသည်။
မကွေးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တိုင်းအဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပ
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီက မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ အသိပညာပေးအခမ်းအနား ကျင်းပ
Jul 29,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၉ ရက်၊ နံနက် ၁၀ နာရီအချိန်က ခရိုင်အမျိုးသမီးကော်မတီ အသိပညာပေးအခမ်းအနားနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။