ပခုက္ကူမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မစည်ပင်သာယာဈေးကြီးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ စည်ပင်သာယာရေးမြို့မဈေးတာဝန်ရှိသူများပူးပေါင်းပြီး အမှိုက်များ စနစ်တကျစွန့်ပစ်ရေးနည်းလမ်းများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး၊ ပလတ်စတစ်သုံးစွဲမှု၏ နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ ပလတ်စတစ်အစားထိုးအသုံးပြုနိုင်သည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ ဈေးရောင်းဈေးဝယ်ပြည်သူများအား အသိပညာပေးခြင်း၊ ပလတ်စတစ်အစားထိုးအသုံးပြုနိုင်ရေး စက္ကူအိတ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)