သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၉

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာယမန်နေ့ ညနေပိုင်းက ဒါရ်ကာရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ဒုတိယကျန်းမာရေးမှူး ဒေါက်တာ ဒီငြိမ်းမြတ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်း၊ နေပြည်တော်မှ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်တို့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လူနေအိမ်များ၊ ရေတွင်း/ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့် နေရာများ၊ စျေးဆိုင်များတွင် ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖြန့်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)