မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မြစ်သား   ဇူလိုင်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာ ပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့အဝင်၊ မြို့အထွက်၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်နှင့် မြို့နယ်အတွင်းရှိ လမ်းဆုံနေရာများ၌ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြစ်သားမြို့ မရဲစခန်းမှဒုရဲမှူး လင်းလင်းထွန်း၊ မြို့နယ်ထွေ​ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝေယံစိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်၊ မိုင်းမောတပ်နယ်မှ ဗိုလ်ကြီးဝေယံစိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မြစ်သားမြို့နယ်အတွင်းရှိ လိုင်စင်မဲ့မောင်တော်ယာဉ်များစီးနှင်းမောင်းနှင့်မှုမရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ၊ လက်နက်၊ခဲယမ်းများ၊ မူးယစ်ဆေးဝါးများဝင်ရောက်မှူမရှိစေရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံမှု‌ရှိစေ‌ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း၊ PSMS Software စနစ်သုံး၍ စစ်ဆေးခြင်း၊ ပြည်သူများယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာ ပေးခြင်းလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)