မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး ကာကွယ်ဆေးထိုးနှံ

မိုးနဲ ဇူလိုင် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဇင်မီဟန်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းကာ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများ၊ ထိုးနှံပြီးစီးမှု (၆) လပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၀)နှစ်အထက်ရှိသူများ၊ အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါရှိသူများနှင့် ထိုးနှံပြီးစီးမှု (၁)နှစ်ပြည့်ပြီးသော အသက် (၁၈)နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက် (၁၂) နှစ်အထက် ကိုယ်ခံအားနည်းရောဂါရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်လိုအပ်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား Pfizerကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို