နတ်တလင်း ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ သတင်းစာဆရာ အသင်း(ယာယီ)ဖွဲ့စည်းခြင်းနှင့် အသင်းဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးတင်ငွေမှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာများအသင်း(ယာယီ)အဖွဲ့ နာယကဦးအောင်မြင့်မှ သတင်းစာဆရာအသင်းဖွဲ့စည်းရခြင်း အကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက မြို့နယ်သတင်းစာဆရာအသင်းဖွဲ့စည်းမှုအင်အားစာရင်းအား ဖတ်ကြားခြင်း၊ အသင်ဝင်များမှ ကတိသစ္စာခံယူခြင်းနှင့် အသင်းဝင်အဆိုပြုလွှာများအား မြို့နယ်သတင်းစာဆရာအသင်းမှ ဦးဌေးဦးမှ ပေးအပ်ခဲ့ရာ တိုင်းသတင်းစာ ဆရာအသင်း နာယကမှ လက်ခံရယူခဲ့ပြီး မြို့နယ်သတင်းစာဆရာအသင်း နာယကဦးကျော်မြင့်မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)