လေးမျက်နှာမြို့နယ် ရေဘေး၊ ကမ်းပြိုဘေး၊ လေဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်းဆုံနှင့် အိုင်သပြုဈေးတွင် ရေဘေး၊ ကမ်းပြိုဘေး၊ လေဘေး၊ မုန်တိုင်းဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသက်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ရေဘေး၊ ကမ်းပြိုဘေး၊ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်အသိပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။