ညောင်ဦးခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ အသိပညာပေးအခမ်းအနား ကျင်းပ

ညောင်ဦး ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၉ ရက်၊ နံနက် ၁၀ နာရီအချိန်က ခရိုင်အမျိုးသမီးကော်မတီ အသိပညာပေးအခမ်းအနားနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အသိပညာပေးအခမ်းအနားတွင် ညောင်ဦးခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ခရိုင်အမျိုးသမီးကော်မတီ အသိပညာပေးအခမ်းအနားနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်သန်းက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက်တက်ရောက်လာသည့် အရပ်ဘက်ကော်မတီဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများနှင့် တက်ရောက်လာသည့် ကော်မတီဝင်များက အကြံပြုဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။

ဒီပါလင်း