မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12)စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာ

မြစ်သား ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂-၂၀၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12) စာမေးပွဲအောင် မြင်သူစာရင်းများအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့ နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်(၄)နာရီက စတင်၍ထုတ်ပြန်လျက်ရှိရာ မြစ်သားမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများကလာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သူများစာရင်း လာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများက လိုအပ်သည်များကိုကူ ညီဆောင်ရွက်ပေးလျက်ရှိသည်။ မြစ်သားမြို့နယ်အတွင်းရှိ စာစစ်ဌာန()ခုတွင် ၂၀၂-၂၀၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ၊Grade12 စာမေးပွဲဝင် ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈၃၉)ဦးရှိကာ အောင်မြင်သူ (၃၄၅)ဦး ရှိပြီးအောင်ချက်ရာခိုင်နှုန်းမှာ ၄.၁၂ ရာခိုင်နှုန်း ရှိသည့်အပြင်  ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ လေး ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ သုံးဘာသာဂုဏ်ထူး ရှင်(၃၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၆)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၅၈) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦး ထံမှသိရသည်။

ဝါဝါမြင့်