မကွေးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တိုင်းအဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပ

မကွေး ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီက မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီးကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်မှ ကျောင်းကျန်းမာရေးမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် သက်ဆိုင်ရာတာ၀န်ရှိသူများက ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် တာဝန်ရှိသူအသီးသီး၏ တင်ပြချက်များအပေါ်​ ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)