သတင်းများ

Carabao Futsal Champion Cup 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 29,2025
Carabao Futsal Champion Cup 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပသည်။
ကယားပြည်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ၁၃၂ ဦး ဖြေဆိုအောင်ချက် ၅၁.၅၂ ရာခိုင်နှုန်းရှိ
Jul 29,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာလျက်ရှိရာ ကယားပြည်နယ် လွိုင်ကော်မြို့ မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(၁)လွိုင်ကော်စာစစ်ဌာနတို့တွင် နံနက် ၆ နာရီမှစ၍ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးသည်။
မကွေးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တိုင်းအဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပ
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီက မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ အသိပညာပေးအခမ်းအနား ကျင်းပ
Jul 29,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၉ ရက်၊ နံနက် ၁၀ နာရီအချိန်က ခရိုင်အမျိုးသမီးကော်မတီ အသိပညာပေးအခမ်းအနားနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ်ငါးလုံးထိခိုက်ပျက်စီး
Jul 29,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့်အားလျော်စွာ ဇူလိုင် ၂၆ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့်  ဇူလိုင် ၂၈ ရက် ညပိုင်းတွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Jul 29,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ အားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့အတွင်းရှိ အ.ထ.က(၁)ညောင်လေးပင်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၁၀၄၀)ဦးတွင် (၆၀၄)ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12)စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာ
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12) စာမေးပွဲအောင် မြင်သူစာရင်းများအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့ နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်(၄)နာရီက စတင်၍ထုတ်ပြန်လျက်ရှိရာ မြစ်သားမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများကလာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။