ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူ (၁၀၂၁၄) ဦးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ဘားအံ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာထက် ၉၁၅ စင်တီမီတာသို့ ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုဖြစ်ပွား၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားလျက်ရှိရာ ပြည်သူ (၁၀၂၁၄) ဦးအား ယာယီရေးဘေးကယ်ဆယ်ရေးစခန်း (၂၃) ၌ ပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများမှ ပြည်သူများစားသောက်ရေး အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စေတနာရှင်၊ အလှူရှင်များက ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ထမင်း၊ ဟင်း၊ လူသုံးကုန်ပစ္စည်းများ၊ သောက်ရေသန့်များကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်အတွင်း ဇူလိုင်လ (၂၉) ရက်နေ့အထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၃) ခု ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၂၂၅၈) စု၊ ကျား (၄၈၁၆) ဦး၊ မ (၅၃၉၈) ဦး စုစုပေါင်းလူဦးရေ (၁၀၂၁၄) ဦး ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကွပ်ကဲရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)