၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အုတ်တွင်းမြို့နယ်စာစစ်ဌာန(၆)ခု၌ ဖြေဆိုအောင်မြင်သည့် စာရင်းများ ထုတ်ပြန်ကြေညာ

အုတ်တွင်း ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့် စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ရှိ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ၂၀၂၅ ခုနှစ် မတ်လ(၁၇)ရက်မှ မတ်လ(၂၂)ရက်နေ့အထိ ဖြေဆိုခဲ့ပြီး အုတ်တွင်းမြို့နယ်တွင် စာစစ်ဌာန() ခုရှိရာ အ..က (အုတ်တွင်း)၊ အ..က(တပ်နယ်)၊ အ..က(ကျွဲပွဲ)၊ အ..က (ညောင်ခြေထောက်)၊ အ..က(ထန်းကုန်း)၊ အ..က(ဗောဓိကုန်း)စာစစ်ဌာနအသီးသီးတွင် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၆၅၅)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၆၃၀)ဦးရှိရာ စာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၁)ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၄)ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၁၉)ဦး၊ ရိုးရိုးအောင်မြင်သူ(၃၁၇)ဦး၊ စုစုပေါင်း ဖြေဆိုအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ(၃၄၄)ဦးဖြစ်ပြီး ဖြေဆိုအောင်မြင်မှုရာခိုင်နှုန်း ၅၄ ဒဿမ ၆၀ ရာခိုင်နှုန်းရှိပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဌာန၏ Website များတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ထုတ်ပြန်လျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များက မြို့နယ်အသီးသီးမှ စာစစ်ဌာနရှိ ကျောင်းများတွင်လည်း နံနက်()နာရီမှစတင်ကာ အောင်စာရင်းများ ထုတ်ပြန်ကြေညာပေးလျက်ရှိပါကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)