ပေါင်းတည်ရှိ မြို့ပေါ်ရပ်ကွက် (၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု တစ်စုတွင် ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူ

ပေါင်းတည်  အောက်တိုဘာ ၁ 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းကောင်စာရင်းကောက်ယူမှုလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းကို ယခုလအတွင်းတွင်မြို့ပေါ်ရပ်ကွက် (၁) ရပ်ကွက်နှင့်  ကျေးရွာအုပ်စုတစ်စုတို့၌ တာဝန်ရှိ Working Group အဖွဲ့ က ကွင်းဆင်းဆောင်ရွက်ကြကြောင်းသိရသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် မြေပြင်အိမ်ထောင်စုနှင့်လူဦးရေစာရင်း မှန်ကန်စွာရရှိနိုင်ရေးအတွက် ရည်ရွယ်၍ စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းအားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးဇော်ဝင်းနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါဆောင်ရွက်နေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းခရိုင်မှူး ဦးလှမျိုးဆွေတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)