ကန့်ဘလူ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က အမှာစကားပြောကြားပြီးနောက် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှပေးပို့သော သဝဏ်လွှာအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းထိုက်က ဖတ်ကြားသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွင်း ရဲတပ်ဖွဲ့၏လုပ်ငန်းတာဝန်များတွင် ထူးချွန်ဆုရ တပ်ဖွဲ့ဝင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ အမှတ်-၂ ယာယီနည်းဗျူဟာမှူး၊ အမှတ်(၆၀၀၆) တင့်ကားတပ်ရင်းမှူးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းထိုက်နှင့် တာဝန်ရှိသူများက နေအိမ်လိုင်းခန်းသန့်ရှင်းသပ်ရပ်မှု၊ လုပ်ငန်းစွမ်းဆောင်ရည်ဆု၊ လုပ်ငန်းပူးပေါင်းပါဝင်ဆောင်ရွက်မှုရရှိသူ တပ်ဖွဲ့ဝင်များ၏ ဇနီးတို့အား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)