မာန်အောင် အောက်တိုဘာ ၁
ရခိုင်ပြည်နယ် မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာတွင်၂၀၂၃-ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါ ရိပ်သာ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်း ဦးဆောင်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ဘိုးဘွားများအား လှူဒါန်းဖွယ်ရာပစ္စည်းများအား လှူဒါန်းကြပြီး ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြသည်။ မာန်အောင်မြို့ ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာတွင် အဘိုး(၅)ဦး၊ အဘွား(၁၀)ဦး၊ စုစုပေါင်း (၁၅)ဦးရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)