မိုင်းယောင်းခရိုင် ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မိုင်းယောင်း  အောက်တိုဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ ပညာရေးမှူးဖလား အသက် ၁၄ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မိုင်းယောင်းမြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် ခရိုင်ပညာရေးမှူး ဦးတင့်ဆွေက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများအား နှုတ်ဆက်ခဲ့သည်။ ထို့နောက် ဗိုလ်လုပွဲစတင်ကျင်းပရာ ကျောင်းအုပ်စု()အသင်းက ..က(မိုင်းယောင်း)အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရအသင်းများနှင့် နေရာအလိုက် အကောင်းဆုံးကစားသမားဆုရသူများအား ခရိုင်ပညာရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် တံခွန်စိုက်ဒိုင်း၊ တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

မိုင်းယောင်းမြို့နယ်တွင် အလားအလာရှိသော မျိုးဆက်သစ်ဘောလုံးသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စက်တင်ဘာ ၂၀ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ အသင်း ၁၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း