ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 01,2021
ကျောက်ဖြူခရိုင်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့၊ နေ့လည် နံနက်(၁) နာရီအချိန်က ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုး သူများအသင်း ကျောက်ဖြူ (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော "နှလုံးသား ကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် တတိယအကြိမ် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။