ပန်ဆောင် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ရှိ ဒေခံတိုင်းရင်းသားပြည်သူ များသည် စိုက်ပျိုးရေးနှင့် မွေမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်းလျက်ရှိရာ သီးမွှေးငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် အခြားသီးနှံများထက် အမြတ်ငွေ ပိုမိုရရှိကြောင်း သီးမွှေး ငှက်ပျောစိုက်ပျိုး ရောင်းချသူများထံမှ သိရသည်။
ငှက်ပျောသီးထွက်ရှိမှုအနေဖြင့် ငှက်ပျောတစ်ခိုင်လျှင် ၁၂ ဖီးခန့်ရရှိပြီး တစ်ဖီးလျှင် အလုံး ၂၂ လုံးခန့် ပါရှိကြောင်း၊ လက်ရှိတွင် တစ်ဖီးလျှင် ငွေကျပ် ၁၅၀၀ စျေးနှုန်းဖြင့် ရောင်းချရကြောင်း၊ စားသုံးသူ များ ကြိုက်နှစ်သက်သည့်အတွက် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
ဂျာယော် (ပန်ဆောင်)