အထက်မင်းလှ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးပောာပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ အခမဲ့ဆေးကုသစောင့်ရှောက်ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီက ဂျင်ရဲမြောင် ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်နီလာဦးက သဘာဘေးအန္တရာယ်ဆိုင်များအကြောင်း အသိပညာပေးဆွေးနွေးပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံက တိုင်းရင်းဆေးသမိုင်းကြောင်းများနှင့် ရာသီဥတုအပြောင်းအလဲများတွင် ဖြစ်ပွားလေ့ရှိသော ရောဂါများဖြစ်ပွားမှု သက်သက်ပျောက်ကင်းအောင် ဆောင်ရန်/ ရှောင်ရန် အချက်များအား အကျယ်တဝင့် အသိပညာပေးဟောပြောပြီး ကျေးရွာနေပြည်သူ (၅၀)ဦးတို့ကို ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေး နှစ်သိမ့်ဆွေးနွေးပြီး အခမဲ့ဆေးကုသစောင့်ရှောက်မှုများ ပေးခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများ၊ သဘာဝပတ်ဝန်းကျင်အကြောင်း သိကောင်းစရာများ၊ စာဖတ်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများစသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)