တနင်္သာရီ အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယနေ့နံနက် ၉ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမျိုးနိုင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ ဦးစီးမှူးများ စုစုပေါင်း (၁၂၅)ဦး တက် ရောက်ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး ကျော်သက်ထူးမှဖွင့်အမှာစကားပြောကြားပေးသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မင်းအောင်နှင့်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမျိုးနိုင်တို့မှအရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအား မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံများအသီးသီးပေးအပ်ကြပြီး၊ အဆိုပါသင်တန်းကို အောက်တို ဘာလ (၂ရက်နေ့မှ၂၇)နေ့ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာအုပ်စုများမှ သင်တန်းသား (၁၀၀)ဦး တက်ရောက် ကြောင်း သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)