နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၃ -၂၀၂၄ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယနေ့နံနက်(၈)နာရီခွဲအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါနည်းပညာ တက္ကသိုလ်(ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ်ဒေါက်တာခင်မောင်ချင်းက ဘာသာရပ်မိတ်ဆက်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို စီနီယာကျောင်းသား/ကျောင်းသူများမှ ဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဆိုင်ရာ သင်ကြားသင်ယူမှုများ၊ စီမံခန့်ခွဲရေးကိစ္စများ၊ စည်းကမ်းချက်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲ ကိစ္စရပ်များကိုလည်း စည်းကမ်းရှိရှိ စည်းလုံးညီညွှတ်ပျော်ရွှင် ဆောင်ရွက်သွားကြရန်  အမှာစကား ပြောကြားခဲ့သည်။ 

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် တက်ရောက်ပညာ သင်ယူမည့် ကျောင်းသား/ကျောင်းသူအသစ်များအား ကြိုဆိုသည့်အနေဖြင့် စီနီယာကျောင်းသား/ကျောင်းသူများမှ ဦးဆောင်၍ ပညာသင်နှစ်မေဂျာများအလိုက် တစ်ဦးချင်းနှင့် အစုအဖွဲ့များစုဖွဲ့ကာ အကများ၊ တေးသီချင်းများ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေကြိုဆိုခဲ့ကြောင်းနှင့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကိုယ်စားပြု  King&Queen ကျောင်းသား/ကျောင်းသူများအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)