ငါးသိုင်းချောင်းမြို့တွင် ငါးသိုင်းချောင်းမြို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ငါးသိုင်းချောင်း ဒီဇင်ဘာ ၂၇

ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ၁:၀၀ နာရီအချိန်က မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူ (book club) (youth club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရေကြည်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ သိန်းဇော် (ရွှေလီဦး)က တွေ့ဆုံရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ပြီး စာရေးဆရာ အသင်းအတွင်းရေးမှူး လွှမ်းမျိုးဦး (စကားဝါမြေ)မှ ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ သဝဏ်လွှာနှင့် စာပေဗဟိုမှ ညွှန်ကြားစာများအား တင်ပြဖတ်ကြားခဲ့သည်။

ထိုနောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် စာပေအသိ၊ စာပေဗဟုသုတများအား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို (၃:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)