ဘုတ်ပြင်း ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ယနေ့နံနက်က ဘုတ်ပြင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ သက်သာအရောင်းဆိုင် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။
ရှေးဦးစွာ ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစာဝန်ထမ်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေးအဆင်ပြေစေရေး ရည်ရွယ်၍ ဆန်တစ်ပြည် (၃၀၀၀)ကျပ်၊ဆီတစ်ဘူး (၃၈၀၀) နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ အငြိမ်းစားဝန်ထမ်းပင်စင်စားများက လာရောက်ဝယ်ယူလျက်ရှိသည်။
အဆိုပါ သက်သာအရောင်ဆိုင်ရောင်းချနေမှုများနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုအား ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များက ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)