လိပ်သို ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန် တောင်ယာများတွင် နနွင်းစိုက်ခင်းများ တနိုင်တပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးထားကြရာ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစ၍ နနွင်းတက်များ စတင်တူးဖော်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ဒေသခံအချို့မှာ မိသားစုစားဝတ်နေရေးအတွက် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင်ပင် စတင်တူးဖော်ရောင်းချကြကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသူများမှာ နနွင်းတက်များရင့်ချိန် ဖေဖော်ဝါရီလရောက်မှ တူးဖော်ကြကြောင်း၊ နနွင်းတက်များကို ဒေသခံများကအစိုအတိုင်းဖြင့်လည်းကောင်း၊ ပြုတ်၍နေလှန်းကာ စနစ်တကျအခြောက်ပြုလုပ် သိုလှောင် ရောင်းချခြင်းဖြင့်လည်းကောင်း ရောင်းချကြသည်။
ယခုနှစ် ဒီဇင်ဘာလ စတုတ္ထအပတ်တွင် နနွင်းတက်အစိုတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အစိုအိတ်တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ်၊ အခြောက်တစ်ပိဿာလျှင် (၃၅၀ဝိ/-)ကျပ်မှ (၄၀၀ဝိ/-) ကျပ်အထိဈေးရရှိနေကြောင်း နနွင်းစိုက်ပျိုးရောင်းချသူ ဒေသခံတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်(လိပ်သို)