သတင်းများ

ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများနှင့် မြစ်သားမြို့၊ ပလိပ်မြို့နယ်ခွဲတို့တွင်  စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
Dec 29,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှိအသင်းမှ ယမန်နေ့နံနက်ပိုင်းက lwin Maung Maung Co,Ltd ရည်ညွှန်းဈေး (၁)ပိဿာ ငွေ(၄၈၁၀)ကျပ်ဖြင့်  ဝယ်ယူရရှိသော စားအုန်းဆီများကို ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများနှင့် မြစ်သားမြို့၊ ပလိပ်မြို့နယ်ခွဲများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 29,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ကော့သောင်းမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ပညာသင်ကြားရေးဆိုင်ရာ အခွင့်အလမ်းရှင်းလင်းဆွေး‎နွေးပွဲ ပြုလုပ်
Dec 29,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကော့သောင်းမြို့၊အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်သင်ကြား မည့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ပညာသင်ကြားရေးဆိုင်ရာ အခွင့် အလမ်းရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ
Dec 29,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကိုအမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လှည်းကူးမြို့နယ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ဧည့်မထဆန်များ ထောက်ပံ့ပေးအပ်
Dec 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်  မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက ဧည့်မထ(ကောင်း)ဆန်များကိုတာဝန်ရှိသူများက သွားရောက်ကာ ထောက်ပံ့ပေးအပ်သည်။
ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာ၌ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကျင်းပ
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ ဓမ္မာ့ဗိမာန် ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့ ဓမ္မောဒယစာသင်တိုက် ဦးစီးနာယက ဆရာတော်ဘဒ္ဒန္တနန္ဒမေဓ၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနား ကျင်းပ
Dec 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊  ဓမ္မောဒယစာသင်တိုက်၊ ပဓာနနာယက ဆရာ‌တော်ဘဒ္ဒန္တနန္ဒမေဓာ၊ သက်တော်(၆၄)နှစ်၊ ဝါတော်(၄၄)ဝါ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က ဘုရားကိုးဆူကျောင်းဝင်း၌ ကျင်းပသည်။
ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကျပ်သိန်း ၄၀ တန် မြေနီလမ်း ခင်းကျင်းပြီးစီး
Dec 28,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေဖြင့် မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေမှ ရွှေတည်(၁)တပင်ရွှေထီး မြေသားလမ်းကို မြေနီလမ်းအဖြစ် ခင်းကျင်းမှုလုပ်ငန်းဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ စတုတ္ထပတ်တွင်အဆင့်မြှင့်တင်ခင်းကျင်းမှု ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။