သတင်းများ

ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေနှင့် ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်
Oct 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာပြီး ပေါင်းလောင်းမြစ်ရေနှင့် ဆင်သေချောင်းရေ မြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုမှ ကျေးရွာများအတွင်း ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား (အခမဲ့)ကွင်းဆင်းကုသ
Oct 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အောက်တိုဘာ ၁၄ ရက်နေ့က တိုင်းရင်းဆေးပညာဖြင့် လက်ခုပ်ကုန်းကျေးရွာ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ (အခမဲ့) ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်၊၊
မုံရွာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Oct 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်၍ မုံရွာမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း   မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။
ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ၂၀၂၃ ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်‌ရောက်
Oct 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ဟိုပုံးမြို့မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အထူးကုဆရာဝန်ကြီးများ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Oct 16,2023
ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် မုံရွာခရိုင်အတွင်းရှိ မိဘပြည်သူများအတွက် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက  ခုတင် (၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ဂန့်ဂေါမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 16,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြောက်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ လူစည်ကားရာနေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်  ဆောင်ရွက်ခဲ့ကြသည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Oct 16,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့ကို လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ (၂၃၇၀၀၀၀၀) ပေးအပ်
Oct 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့ကို မြိုနယ်လူမှု၀န်ထမ်းဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်၀ယ်သို့ စတင်လွှဲ‌ပြောင်းပေးအပ်ခဲ့သည်။