မြန်မာ့စီးပွားရေးဘဏ်(တာမွေ)ဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

တာမွေ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် လက်ဝဲမင်းဒင်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်(တာမွေ)ဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့်အဖွဲ့ဝင်များ၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆန်(၅)ပြည်ပါအိတ်တစ်အိတ်(သို့မဟုတ်) ခေါက်ဆွဲခြောက်တစ်ဖာကို ကြိုက်နှစ်သက်ရာယူစနစ်ဖြင့် စုစုပေါင်း ဆန်(၅)ပြည်ပါအိတ်(၅၉)အိတ်နှင့် ခေါက်ဆွဲခြောက်(၁၂၁)ဖာကို မြန်မာ့စီးပွားရေးဘဏ်(တာမွေ)ဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်း စုစုပေါင်း(၁၈၀)ဦးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)