သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ Dammer Ping သစ်ပါးလွှာစက်ရုံ၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Dec 27,2023
ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မီးဘေးအန္တာရယ် ဖြစ်ပွားမှုမရှိစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ဝဲကလီကျေးရွာရှိ Dammer Ping သစ်ပါးလွှာစက်ရုံ၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနံနက် (၉)နာရီမှစတင်၍ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ်၌ ဂန္ဓမာပန်းများတစ်ပိုင်တစ်နိုင်စီးပွားဖြစ် စတင်စိုက်ပျိုး
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကျောင်းစုရပ်ကွက်၌ ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စတင်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပန်းစိုက်တောင်သူထံမှ သိရသည်။
ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ‌ဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန‌ဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်‌လပ်ရေးနေ့ အထိမ်းအမှတ်အကြိုကျောင်း ပေါင်းစုံအသက်(၁၃)နှစ်အောက်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်‌လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအသက်(၁၃)နှစ်အောက်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနား ယမန်နေ့က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ကရသူရိမြို့၌ တပိုင်တနိုင် ဥစားပိန်း စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုး ရေးလုပ်ငန်းများနှင့် ရာသီပေါ်ဟင်းသီး ဟင်းရွက်များစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျက်ရှိရာ ပိန်းဥဈေးကောင်းရ၍ တပိုင်တနိုင်စိုက်ပျိုးထားသူများ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူတော်မူသော ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးအား သွားရောက်ဖူးမြော်
Dec 27,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့သည် ယနေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူတော်မူသော ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ နေပြည်တော်တိုင်း သံဃနာယက ဆရာတော်ကြီးများ၊ နေပြည်တော်တိုင်း ဘုန်းတော်ကြီး ပညာသင်ကြားမှုကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်ကြီးများမှ ဆရာတော် (၈) ပါးနှင့် သီလရှင် ဆရာကြီး (၁) ပါးတို့အား သွားရောက်အားပေး ကြည်ညိုခဲ့သည်။