သတင်းများ

ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာ ၉ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Oct 16,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့သစ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Oct 16,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးအသိပညာပေးလုပ်ငန်းများ မြို့သစ်မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ်၌ စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကအစိုတင်း (၁၁၂)တင်းထွက်ရှိ
Oct 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ တောင်သူဦးကျော်စိုး၏ ကွင်းအမှတ်(၁၂၅၂) မိုးစပါးစိုက်ခင်းတွင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈နာရီက စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့​သည်။
စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲများ အေးချမ်းစွာ ဖြေဆို
Oct 16,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိရာ စလင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင် ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယနေ့အဖြစ် Grade-9 ကျောင်းသား၊ ကျောင်းသူများ  ဖြေဆိုကြကြောင်း  သိရသည်။
မိုင်းယောင်းမြို့တွင် တောမီးမရှို့ရန် အသိပညာပေးဟောပြော
Oct 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသတွင်း မီးခိုးမြူငွေ့ဖုံးလွှမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် တောမီးမရှို့ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၇)ရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းလှ၌  တောင်သူနည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာ ရောင်းချပွဲ ကျင်းပ
Oct 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ယခုနှစ် မိုးစပါးစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာ ရောင်းချ‌ပွဲကို ယနေ့နံနက် ‌‌၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် နောင်လုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Oct 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နောင်လုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၊ ပြည်သူ့ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင့် သိရသည်။
တာလေမြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Oct 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။