ရေဖြူ ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်ကမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်သော ဆပ်ကော်မတီဝင်များက လွတ်လပ်ရေးနေ့အခမ်းအနားနှင့်ပတ်သက်၍ လိုအပ်သည်များကိုဆွေးနွေးခြင်း၊ ပြပွဲပြိုင်ပွဲများ၊ အားကစားပွဲများ၊ ဆုချီးမြှင့်ခြင်းတို့တင်ပြကာ မြို့နယ်ကော်မတီအဖွဲ့ဥက္ကဋ္ဌမှ ဖြည့်စွက်အကြံပြု ပြောကြားပေးခဲ့ကြောင်း သိရသည်။
ခတ္တာ