သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသီးနှံနေကြာ ၄၇၂၀၀ ဧက စိုက်ပျိုးပြီးစီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်
Oct 15,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၄)ခရိုင်ရှိသည့်အနက် ခရိုင်(၇)ခရိုင်၌ မိုးသီးနှံနေကြာ ၄၇၂၀၀ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၃၅ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။
သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ
Oct 15,2023
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝင်းအတွင်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ကန့်ဘလူ၌ လုပ်ငန်းအမျိုးအစားအလိုက် စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်‌မှုများ ဆောင်ရွက်
Oct 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်အဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်ရှိစီးပွား‌‌ရေး လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ အစားအသောက်‌ ရောင်းချသူများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရန် ပထမအကြိမ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်၊ ၇:၀၀ နာရီက ကန်ဘလူ မြို့ပေါ်ရှိ ဈေးရောင်းလုပ်ငန်း လုပ်ကိုင်ကြသူများအား စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ရပ်ကွက်နေပြည်သူများစုပေါင်း၍ ဘုံဆွမ်းလောင်းလှူဒါန်းပွဲပြုလုပ်
Oct 15,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၆)ကြိမ်မြောက် မဟာမြိုင်(၁)ရပ်ကွက်နေ ပြည်သူများစု‌ပေါင်း၍ ဘုံဆွမ်းလောင်းအသင်းမှ လစဥ်လဆန်း (၁)ရက်နေ့နံနက် (၅)နာရီအချိန်က သိပ္ပံလမ်း ၆၈ လမ်းဒေါင့်တွင် သံဃာတော်(၃၀၀)ပါးကျော်တို့အား ကြက်သားဟင်း၊ ပဲနှပ်၊ သရက်ချဉ်သုပ်၊ ဆပ်ပြာမုန့်၊ သင်္ကန်း ၅ စုံ ဝတ္ထုငွေကျပ်(၂၅၀၀၀၀)၊ စာရေတံမဲများဖောက်၍ လှူဒါန်းကုသိုလ်ပြုခဲ့ရာ မီးအိမ်ရှင်ဆရာတော်ဦးစီး၍ ဘုံဆွမ်းလောင်းလှူးဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ မင်္ဂလာလာဘသိဒ္ဓိ စေတီတော်အား ထီးတော်တင်လှူပူဇော်ပွဲ ဖြစ်မြောက်ရေး စုပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဉယျာဉ်ကျောင်းတိုက်တွင် တည်ထား ကိုးကွယ်ထားသော မင်္ဂလာလာဘသိဒ္ဓိစေတီတော် ထီးတော်တင်လှူပူဇော်ပွဲ ဖြစ်မြောက်ရေး အတွက် ယမန်နေ့ည ၇နာရီအချိန်က မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလွင်မိုး ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ မြို့မရပ်ကွက်‌နေ ပြည်သူများနှင့် ပူးပေါင်း၍ စုပေါင်းညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် ဓါတ်လုံစေတီတော် အခွန်လွတ်သာသနာ့ဂရန်မြေရရှိစေရန် ခရိုင်အုပ်ချုပ်ရေးမှူး ကွင်းဆင်းစစ်ဆေး
Oct 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းအုပ်စု၊ ဝမ်ကောင်းကျေးရွာအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဓါတ်လုံစေတီတော်အား အခွန်လွတ်သာသနာ့မြေရရှိစေရန်နှင့် သာသနာအဆောက်အဦများ လျှောက်ထားသည့် မြေပေါ်တွင် မြေလွတ်မြေရိုင်းအသုံးပြရန် ခွင့်ပြုထားသည့်အတိုင်း ဆောင်ရွက်မှုရှိ/မရှိကို ယမန်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က မြေလွတ်မြေရိုင်းအထူးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပ
Oct 15,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့‌နေ့လယ် ၁ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ 
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယအကြိမ်နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှေက်ပွဲကျင်းပ
Oct 15,2023
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှေက်ပွဲကို ယမန်နေ့က အင်းယားလိတ်ဟိုတယ် မင်္ဂလာခန်းမတွင်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြးမှုဦးစီးဌာနညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်ကျော်တက်ရောက်၍ နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။