မြစ်သား ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် (အ.ထ.က)မြို့မကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက (အ.ထ.က)မြို့မကျောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က အဖွင့်အမှာစကားပြောကြားပြီး (အ.ထ.က)မြို့မကျောင်းအုပ်ဆရာမကြီး၏ ကိုယ်စားဆရာကြီး ဦးညွှန်နိုင်မှ လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗလငါးတန်နဲ့ပြည့်စုံပြီး အသိ ပညာဗဟုသုတများရရှိစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်းပူပေါင်း ဆောင်ရွက်တတ်ပြီးလူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကိုဦးဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (အ.ထ.က)မြို့မကျောင်းမှ ဒေါ်ခင်နှင်းငယ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာအောင်က ဦးဆောင်ပြီး Grade-8 ကျောင်းသား မောင်စိုးမင်းနိုင်က လူငယ်နှင့် စာပေခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-8ကျောင်းသား မောင်မျိုးသူရကျော်က လူငယ်နှင့် ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-8ကျောင်းသား မောင်ရဲလင်းဖြိုးက လူငယ်နှင့် စည်းကမ်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade–9 ကျောင်းသူမနန်းရတီကလူငယ်နှင့် ဖုန်းအသုံးပြု မှုဆိုးကျိုးများခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း အပြန်အလှန် သိလိုသောမေးခွန်းများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ (အ.ထ.က)မြို့မကျောင်းမှဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း အင်အား(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ခင်းကျင်းပြသထားသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)