ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး အသေးစားစက်မှုလုပ်ငန်းများ တိုးလာစေရန် ရည်ရွယ်၍ ကလိန်ကျေးရွာနှင့် စာဖြူစုကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။