အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ မျှော်လင့်ခြင်းနိုင်ငံတော်နှင့်အခြားဆောင်းပါးများ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် စာပေဥယျာဉ်အသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာမောင်ဌေးလှိုင်ရေးသားထားသည့် မျှော်လင့်ခြင်းနိုင်ငံတော်နှင့်အခြားဆောင်းပါးများ စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ()နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအေးသိမ့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)နာယကရန်နောင်(ပညာရေး)နှင့် ဥက္ကဋ္ဌဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)နှင့် အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းဥက္ကဋ္ဌ တော်မြင့်(ငှက်ဖျား)တို့က အမှာစကားအသီးသီးပြောကြားသည်။

ဆက်လက်၍စာရေးဆရာမောင်ဌေးလှိုင်ရေးသားထားသည့် မျှော်လင့်ခြင်းနိုင်ငံတော်နှင့် အခြားဆောင်းပါးများ စာအုပ်တွင်ပါရှိသည့်အကြောင်းအရာများကို စာရေးဆရာများဖြစ်ကြသည့် မော်ကျွန်းရဲခိုင်၊ မောင်ပန်းဝေ(ညောင်တုန်း)၊ ခင်နွဲ့မူ(အင်းစိန်)နှင့် ငြိမ်းဆုသွယ်တို့က အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ်သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)စိန်ညိုမင်း(ထန်းတပင်)၊ ဝင်းနွယ်(ပုသိမ်)၊ ခင်ခင်လှ(အင်းစိန်)၊ ရွှေမန်း(အင်းစိန်)၊ ရွှေဘုတ်(အင်းစိန်)၊ ကဗျာနီနီ၊ ရန်မိုးအောင်(အင်းစိန်)တို့က အပြန်အလှန်ပြန်လည်ဆွေးနွေးခဲ့ကြပြီးနောက် အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)နာယက ဦးသက်တင်(မောင်သာတင့်)နှင့် အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့်(မှုခင်း)တို့က နိဂုံးချုပ်စကားပြောကြားသည်။

အဆိုပါစာဖတ်ဝိုင်းသို့ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)မှတာဝန်ရှိသူများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကိုလစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)