သတင်းများ

မြိတ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများသို့ စပါးစိုက်ဧက(၁၅၄၀)အတွက် (၁)ဧကလျှင် ကျပ်(၂)သိန်းနှင့်ညီမျှသော သွင်းအားစုများ မတည်ချေးငှား
Oct 18,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမ ကဏ္ဍ)မှ  မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများအား မိုးစပါးစိုက်ဧက (၁၅၄၀)အတွက် (၁)ဧကလျှင်(၂)သိန်းနှုန်းနှင့် ညီမျှသော မတည်ငွေ(သွင်းအားစု)ကို ယမန်နေ့ကမြို့နယ်သမဝါယမအသင်းရုံးတွင် မတည်ချေးငှားပေးအပ်ခဲ့သည်။
ထားဝယ်မြို့တွင် ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃) အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
Oct 18,2023
အစားအစာထုတ်လုပ်ခြင်းနှင့်လက်ကား၊ လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင် ခြင်းကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃) အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချမ်းမြသာစည်မြို့နယ် သွားဘက်ဆိုင်ရာ‌ဆေးတက္ကသိုလ် (မန္တလေး)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Oct 18,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် သွားဘက်‌ဆေးဆိုင်ရာတက္ကသိုလ်(မန္တလေး)ရှိ ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယ‌နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ချောက်မြို့နယ်၊ ဂွေးပင်​ကျေးရွာ၊​ ရွှေညောင်​တော်​ကျေးလက် စျေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းများအား မ​ကွေးတိုင်း​ဒေသကြီး (FDA)မှ ကွင်းဆင်းစစ်ဆေး
Oct 18,2023
မကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ဂွေးပင်​ကျေးရွာ၊​ ရွှေညောင်​တော်​ကျေးလက် စျေးအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများအား အောက်တိုဘာ (၁၈) ရက်​နေ့ နံနက် ၈ နာရီအချိန်က မ​ကွေးတိုင်း​ဒေသကြီး (FDA)မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ စျေးအတွင်း ရောင်းချ​သော စား​သောက်ကုန်များတွင် အညွှန်းများ တပ်ဆင်မှု ရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိနှင့် (FDA) မှ တားမြစ်ထား​သော စားသောက်ကုန်များ​အား ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။
မလှိုင်မြို့နယ် ဆပ်ခင်းကြီးကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဝါဂွမ်းကပ်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Oct 18,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်နှင့်တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေရယူ၍ (ဝါဂွမ်းကပ်)လုပ်ငန်းဆောင်ရွက်နေသည့် ဆပ်ခင်းကြီးကျေးရွာမှ ဝါဂွမ်းကပ်လုပ်ငန်းရှင် အစုအဖွဲ့ခေါင်းဆောင်များနှင့် ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က တွေ့ဆုံကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 18,2023
ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ပညာ့မဏ္ဍိုင်အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
မိတ္ထီလာမြို့နယ်တွင်   အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ  
Oct 18,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြို့မဈေးကြီးအတွင်း အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး၊ အသားဆိုင်များမှ သတ်မှတ်အသားဈေးနှုန်းများအတိုင်း အသားဝယ်ယူသူ ပြည်သူများ သန့်ရှင်းလတ်ဆတ်သော အသားများရရှိစေရေးအတွက် စေတုတ္တရာမြို့မဈေးကြီးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား)အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို  ယနေ့နံနက်ပိုင်း(၇)နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။