ပန်းတောင်း ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာ(စတုတ္ထ)ပတ် အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၂၅ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လမ်းလျှောက်ပွဲပြုလုပ်ရာသို့ ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ တက်ရောက်ပြီး ဆုတောင်းပြည့်ဘုရားမှ အားကစားကွင်းအတွင်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး အားကစားကွင်းတွင် ကိုယ်လက်လေ့ကျင့်ခန်းအတွဲ(၁)၊(၂))များကို ပြုလုပ်ကြကာ အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)