ရေစကြို ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့နယ် မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရေစကြိုမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီးမှ ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် မူလတန်းကြိုကျောင်းမှ သမီးငယ်လေးများက “ဝါကာဝါကာ”သီချင်းဖြင့် ကပြဖျော်ဖြေသည်။
ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သော ခေါင်းအုံးရွက်ပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ (ကခဂ) တူရာထပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ ရိုးရိုးပြေး၊ (ABC) တူရာထပ်၊ ဖားခုန်ပြိုင်ပွဲ၊ အရုပ် ထောင်ပြေးပြိုင်ပွဲ၊ ဖိနပ်စီး၊ လွယ်အိပ်လွယ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲများကို မူလတန်းကြိုကျောင်း သားငယ်၊ သမီးငယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများရရှိသော သားငယ်၊ သမီးငယ်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်လုလင်(ရေစကြို)