သတင်းများ

အိမ်ခြံဝင်းအတွင်းရှိ သစ်ပင်များတွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများ တိုးချဲ့စိုက်ပျိုးလာ
Oct 18,2023
လိပ်သိုဒေသတွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တောတောင်လျှိုမြောင်များရှိ ဉယျာဉ်ခြံများတွင်သာ စိုက်ပျိုးလာခဲ့ကြရာမှ ယခုအခါ လိပ်သိုမြို့ပေါ်နှင့် ကျေးရွာများရှိ ဒေသခံတို့၏ နေအိမ်ခြံဝင်းများအတွင်းရှိ သစ်ပင်များ၏ အပင်ခြေရင်းတွင် တစ်နိုင်တစ်ပိုင် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုက‌လေးမြို့နယ်အတွင်း လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ‌ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် Youth Club အဖွဲ့ “မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး” ခေါင်းစဥ်ဖြင့်စာဖတ်ဝိုင်းကျင်းပ
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့မှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ​ပေးခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁) နာရီတွင် ကျင်းပသည်။
မြေပုံမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် လက်လီရောင်းချပေး
Oct 18,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီ အရောင်းဈေးကားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က ရွာသစ်ကေရပ်ကွက်ရှိ စားသုံးသူ (ပြည်သူများ) သို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
ရှမ်းပြည်ဒေသထွက် မက်ခေါက်သီးများ ဈေးကွက်အတွင်း ရောက်ရှိလာပြီး ရောင်းအားကောင်းလျက်ရှိ
Oct 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ဒေသထွက် မက်ခေါက်သီးများ စတင်ထွက်ရှိနေပြီဖြစ်ပြီး လားရှိုးမြို့တွင် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရင်သွေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ပုံပြော၊ ကဗျာရွတ် ပြိုင်ပွဲများကျင်းပ
Oct 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည် မူလတန်းကြိုကျောင်းတို့ ပူးပေါင်းပြီး ရင်သွေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တံတားဦးမြို့နယ်တွင် မိုးဦးပင်ထောင်မြေပဲများ အထွက်နှုန်းကောင်းသဖြင့် တောင်သူများအဆင်ပြေ
Oct 18,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးဦးကာလတွင် စိုက်ပျိုးခဲ့သော ပင်ထောင်မြေပဲများ ယခုအခါ နှုတ်သိမ်းပြီဖြစ်ပြီး အထွက်နှုန်းကောင်းမွန်သောကြောင်း တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ် အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများ ထံ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။