ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် ဧပြီလမှစက်တင်ဘာလထိ သဘာဝဘေး ၂၁ ကြိမ်ဖြစ်ပွားခဲ့
Oct 18,2023
ကရင်ပြည်နယ်အတွင်း သဘာဝဘေးဖြစ်ပွားမှုများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း မီးဘေး(၅)ကြိမ်၊ လေပြင်းဘေး(၆)ကြိမ်၊ မိုးကြိုးဘေး(၃)ကြိမ်၊ မြေပြိုဘေး (၁) ကြိမ်၊ ကမ်းပြိုဘေး(၆)ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၉၈)စု၊ လူဦးရေ (၄၃၂)ဦး ဘေးသင့်ခဲ့ကာ လူ (၄)ဦးသေဆုံးခဲ့ကြောင်း ယနေ့နံနက် ၉ နာရီအချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှ သိရသည်။