သတင်းများ

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Oct 18,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ခေါင်းဆောင်မှု” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန၌ “Book Club”အသင်းဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Oct 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ဇင်(ရန်ကုန်တက္ကသိုလ်)ရေးသားထားသော “အိမ်မက်ကောင်းကင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့တွင် ဗိုလ်ချုပ်လမ်းရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်
Oct 18,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့ကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများတို့က ဆောင်ရွက်လျက်ရှိသည်။
ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကိုရွက်သယ်ပိုးနိုင်သော ထူးချွန်သည့်စိုက်ပျိုးမွေးမြူရေး ပညာရှင်များဖြစ်အောင်ကြိုးစား
Oct 18,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ(၂)နာရီခန့်က ဘားအံမြို့နယ်၊ ဒုံးရင်းအခြေခံပညာအထက်တန်းကျောင်းတွင် တွဲဘက်ဖွင့်လှစ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် မဟာအင်ဂျင်နီယာ၊မဟာသိပ္ပံ သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူ
Oct 18,2023
မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၂၃)ရက်နေ့မှ စတင်၍ မဟာအင်ဂျင်နီယာ၊ မဟာသိပ္ပံ သင်တန်းများဖြစ်သည့် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ၊ မက္ကာထရောနစ်အင်ဂျင်နီယာ၊ သတ္တုဗေဒအင်ဂျင်နီယာ၊ နျူကလီယား အင်ဂျင်နီ ယာ၊ ဇီဝနည်းပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်
Oct 18,2023
“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပ ပြုလုပ် သည်။
ရှမ်းရွာသစ်မြို့တွင် ဒေသအခေါ် တောင်ယာငရုပ်သီးများ ယခင်နှစ်ထက်ဈေးကောင်းရရှိ
Oct 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ  ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထား သော ဒေသခေါ်တောင်ယာငရုပ်သီးများ ပေါ်ဦးပေါ်ဖျားပေါ်ချိန်ဖြစ်၍ ယခုနှစ်တွင် အသီးအထွက်နှုန်း လည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမ်းမြို့၌ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် လေယာဉ်ကွင်းရပ်ကွက်နေပြည်သူများသို့ရောင်းချပေး
Oct 18,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့ နံနက် ၈ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက်နေပြည်သူများသို့ စားသုံးဆီများရောင်းချပေး ခဲ့သည်။