သတင်းများ

ကြံခင်းမြို့နယ်အတွင်း အသက်အကြီးဆုံးအဘွားအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်
Oct 18,2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ "အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့" အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထောက်ပံ့သော မြန်အောင်ခရိုင် အတွင်းရှိ အသက်အကြီးဆုံး အဘိုး/အဘွားများအတွက် ဂုဏ်ပြုထောက်ပံ့သော ထောက်ပံ့ငွေ အား ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စု၌ နေထိုင်သည့် အသက်(၁၀၉)နှစ်ရှိ အဘွား ဒေါ်လှတင်ထံသို့ ယမန်နေ့ နံနက်ပိုင်းက ဂုဏ်ပြုထောက်ပံ့ငွေ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
ရသေ့တောင်မြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် မီးအသိမီးသတိရှိစေရေး အသိပညာပေးဟောပြော
Oct 18,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့နံနက် ၁၀ နာရီက အရှေ့မြောက်ရပ်ကွက်ရှိ ရွှေပါရမီ (ယာယီနေရပ်စွန့်ခွာသူများစခန်း)သို့ သွားရောက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Oct 18,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲရေးနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ပြီး စားသုံးသူ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့၊ မဟာတေဇာဓိပတိစေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနား ကျင်းပ
Oct 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မဟာတေဇာဓိပတိ စေတီတော်မြတ်ကြီး၌ ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနား ကျင်းပရာ အခမ်းအနားသို့ မိုင်းပန်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် (၁၂)ပါးနှင့် မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ မိဘပြည်သူများက တက်ရောက်ကြသည်။
နတ်မောက်မြို့နယ်တွင် မိုးစပါးတစ်ဧကပန်းတိုင်တင်း (၁၀၀)ကျော် ထွက်ရှိရေးအတွက် ပင်ပွားချိန်၌ စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲ ကျင်းပ
Oct 18,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မိုးစပါးတစ်ဧကပန်းတိုင်တင်း (၁၀၀)ကျော်ထွက်ရှိရေး အတွက် ပင်ပွားချိန်၌ စုပေါင်းဓာတ်မြေဩဇာကျဲပက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ တောင်သူ (၆၈)ဦးဖြင့် စာရံအိုင့်ကွင်းတွင် မိုးစပါးစိုက်ပျိုးထားသည့် ဧက(၁၀၀)၌ ဆောင်ရွက်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်ရှိ ငါး၊ ပုစွန်၊ ဂဏန်းမွေးမြူရေးလုပ်ငန်းများတွင် အယ်နီညိုနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့် အခြေအနေများအား ကြိုတင်အသိပညာပေးဟောပြောပွဲ
Oct 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ အယ်နီညိုရာသီဥတုနှင့် ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့်အခြေအနေများအား ကြိုတင်အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ကွန်ဟိန်းမြို့တွင် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်
Oct 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းများအား စာပေများ အလွယ်တကူ ဖတ်ရူ့လေ့လာနိုင်ရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီတွင် မြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ ကွင်းဆင်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Oct 18,2023
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာ ပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာကျော်ဦး ရေးသားသော “ရေကြည်တစ်ပေါက်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။