သတင်းများ

သံတွဲမြို့၌အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Oct 18,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အိမ်တိုင်ရာ​ရောက်သွား​ရောက် ပေးအပ်ခဲ့ကြသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
Oct 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအုပ်စု၊ ကန်သာအေးကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲသို့ တက်ရောက်
Oct 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ကန်သာအေးကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်
Oct 18,2023
ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့ ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်၌ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကုန်စုံဆိုင်များသို့ ဖြန့်ဝေခဲ့‌ကြောင်းသိရသည်။
ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် ဧပြီလမှစက်တင်ဘာလထိ သဘာဝဘေး ၂၁ ကြိမ်ဖြစ်ပွားခဲ့
Oct 18,2023
ကရင်ပြည်နယ်အတွင်း သဘာဝဘေးဖြစ်ပွားမှုများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း မီးဘေး(၅)ကြိမ်၊ လေပြင်းဘေး(၆)ကြိမ်၊ မိုးကြိုးဘေး(၃)ကြိမ်၊ မြေပြိုဘေး (၁) ကြိမ်၊ ကမ်းပြိုဘေး(၆)ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၉၈)စု၊ လူဦးရေ (၄၃၂)ဦး ဘေးသင့်ခဲ့ကာ လူ (၄)ဦးသေဆုံးခဲ့ကြောင်း  ယနေ့နံနက် ၉ နာရီအချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှ သိရသည်။
စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးမြင့်စိုး တာကြန့်ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Oct 18,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၇ရက် ညနေပိုင်းက တာချီလိတ်မြို့နယ်၊ တာကြန့်ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။